PAGE ADMIN & CUSTOMER SERVICE (Work From Home) - မိန်းကလေး (၁) ဦး

Elite Visit Co.,Ltd.

အလုပ်အကိုင်အမျိုးအစား (Job Type): Remote Job

အတွေ့အကြုံ (Experience):

အလုပ်လက်ခံမည့် (ကျား/မ) (Gender): မ

လျှောက်လွှာလက်ခံမည့်ရက် (Application Period): 2026-10-30 မှ 2026-11-07 အထိ

လစာ (Salary): 700000 - MMK

တည်နေရာ (Address): ရန်ကုန်တိုင်းဒေသကြီး

အလုပ်အကိုင် အကျဉ်းချုပ် (Short Description)

အခြေခံလစာ - တစ်လ ၇၀၀,၀၀၀ ကျပ် အလုပ်စွမ်းဆောင်ရည်အပေါ် မူတည်၍ Commission / Bonus နှင့် အခြားအခွင့်အလမ်းများ ရရှိနိုင်ပါသည်။

အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)

မြန်မာနိုင်ငံအတွင်းနေထိုင်သူကို ဦးစားပေးပါသည်။ အလုပ်ခေါ်ယူခြင်း — PAGE ADMIN & CUSTOMER SERVICE Work From Home | မိန်းကလေး (၁) ဦး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအတွက် Facebook Page, WhatsApp နှင့် Viber မှတစ်ဆင့် Customer များကို စာပြန်ပေးပြီး လေယာဉ်ခရီးစဉ်နှင့် ဧည့်သည်အဝင်/အထွက်စာရင်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည့် ဝန်ထမ်းတစ်ဦး အလိုရှိပါသည်။ 💰 အခြေခံလစာ — တစ်လ ၇၀၀,၀၀၀ ကျပ် အလုပ်စွမ်းဆောင်ရည်အပေါ် မူတည်၍ Commission / Bonus နှင့် အခြားအခွင့်အလမ်းများ ရရှိနိုင်ပါသည်။ 📌 အလုပ်ချိန် * နံနက် ၉:၀၀ နာရီမှ ည ၉:၀၀ နာရီအထိ။ * တစ်ပတ် ၆ ရက် အလုပ်လုပ်ရန် စီစဉ်ထားပြီး နားချိန်နှင့် နားရက်ကို သဘောတူညှိနှိုင်းသတ်မှတ်မည်။ * Work From Home ဖြစ်သော်လည်း ရုံးတက်အလုပ်လုပ်သကဲ့သို့ တာဝန်ယူမှုရှိစွာ လုပ်ကိုင်နိုင်ရမည်။ 📌 အလုပ်တာဝန်များ * Facebook Page Messenger၊ WhatsApp နှင့် Viber မှ Customer များကို အချိန်မီ၊ ယဉ်ကျေးစွာ စာပြန်ပေးရမည်။ * လေယာဉ်လက်မှတ်အချိန်ဇယားများကို စစ်ဆေးဖတ်ရှုနိုင်ရမည်။ * မတတ်မြောက်သေးသောအရာများကို သင်ကြာပေးမည် သို့သော် သင်ယူတတ်မြောက်လွယ်ရမည်။ * ဧည့်သည်များ၏ ဆိုက်ရောက်ချိန်၊ ထွက်ခွာချိန်နှင့် သက်ဆိုင်ရာအချက်အလက်များကို စာရင်းဇယားဖြင့် တိကျစွာ မှတ်တမ်းတင်ရမည်။ * Customer များ၏ မေးမြန်းမှုများကို အစဉ်လိုက် စီမံပြီး မလွတ်မကျန် ဖြေကြားပေးရမည်။ * လုပ်ငန်းဝန်ဆောင်မှုများအကြောင်း ရှင်းလင်းစွာ ဖြေကြားပေးပြီး လိုအပ်ပါက တာဝန်ရှိသူထံ လွှဲပြောင်းပေးရမည်။ * Customer များ၏ ကိုယ်ရေးအချက်အလက်နှင့် လုပ်ငန်းဆိုင်ရာအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းရမည်။ 📌 လိုအပ်သောအရည်အချင်းများ * WhatsApp မဖြစ်မနေ အသုံးပြုနိုင်ရမည်။ * Facebook Page Admin နှင့် Viber အသုံးပြုနိုင်ရမည်။ * မြန်မာစာ မှန်ကန်စွာ ရေးသားနိုင်ပြီး စာရိုက်မြန်ဆန်ရမည်။ * စာရင်းမှတ်ရန်အတွက် ကွန်ပျူတာ၊ Excel သို့မဟုတ် Google Sheets အသုံးပြုနိုင်ရမည်။ * စိတ်ရှည်သည်းခံမှု၊ ရိုးသားမှုနှင့် တာဝန်ယူမှုရှိရမည်။ * Customer Service အတွေ့အကြုံရှိသူကို ဦးစားပေးမည်။ 📌 အလုပ်စည်းကမ်း အလုပ်ချိန်အတွင်း သတ်မှတ်ထားသော တာဝန်များကို ဦးစားပေးဆောင်ရွက်ရမည်။ အလုပ်တာဝန်များကို ထိခိုက်စေမည့် အခြားပြင်ပအလုပ်များကို တစ်ပြိုင်နက် လုပ်ကိုင်ခွင့်မရှိပါ။ သတ်မှတ်ထားသော နားချိန်များကို ခံစားခွင့်ရှိပါသည်။ 📩 လျှောက်ထားရန် CV Form နှင့်တကွ အောက်ပါ WhatsApp နံပါတ်သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။ 📱 WhatsApp: +66 649 632 567 လျှောက်ထားရာတွင် အမည်၊ အသက်၊ နေထိုင်ရာလိပ်စာအတိအကျ၊ လုပ်ငန်းအတွေ့အကြုံ၊ ဘာသာစကားကျွမ်းကျင်မှုနှင့် ကွန်ပျူတာအသုံးပြုနိုင်မှုတို့ကို ဖော်ပြပေးပါ။

If you are not redirected automatically, click here to view the job posting.