Computer Service Technician (ကျား/မ) – 2 ဦး

King Service Wisdom MDY

အလုပ်အကိုင်အမျိုးအစား (Job Type): Full-time

အတွေ့အကြုံ (Experience):

အလုပ်လက်ခံမည့် (ကျား/မ) (Gender): ကျား/မ

လျှောက်လွှာလက်ခံမည့်ရက် (Application Period): 2026-10-25 မှ 2026-10-31 အထိ

လစာ (Salary): 500000 - 800000 MMK

တည်နေရာ (Address): မန္တလေးတိုင်းဒေသကြီး

အလုပ်အကိုင် အကျဉ်းချုပ် (Short Description)

KING SERVICE WISDOM (MDY) မှ ဝန်ထမ်းသစ်များ ဖိတ်ခေါ်နေပါပြီ

အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)

KING SERVICE WISDOM (MDY) မှ ဝန်ထမ်းသစ်များ ဖိတ်ခေါ်နေပါပြီ! 📢 WE'RE HIRING – JOIN OUR TEAM! King Service Wisdom (MDY) တွင် အတူတကွ တိုးတက်အောင်မြင်ဖို့ ရည်မှန်းချက်ရှိပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည့် ဝန်ထမ်းကောင်းများကို အောက်ပါရာထူးများအတွက် ဖိတ်ခေါ်လျက်ရှိပါသည်။ ခေါ်ယူမည့် ရာထူးများနှင့် သတ်မှတ်ချက်များ 1️⃣ Showroom Sale (ကျား/မ) – 3 ဦး လစာ: 350,000 မှ 550,000 ကျပ် တာဝန်များ:Showroom အတွင်းရှိ ပစ္စည်းများကို ဖောက်သည်များအား ရှင်းလင်းပြသ၍ ရောင်းချပေးရမည်။Customer Service ကောင်းမွန်စွာ ပေးနိုင်ရမည်။အရောင်းစာရင်းများကို စနစ်တကျ ထိန်းသိမ်းရမည်။ 📌 လိုအပ်ချက်များ: - အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း။ - အနည်းဆုံး အထက်တန်းအဆင့်ရှိသူ (သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူ။ Computer Basic နှင့် Microsoft Office အသုံးပြုနိုင်သူ ဦးစားပေးမည်။စကားပြောပြေပြစ်ပြီး သွက်လက်တက်ကြွသူ ဖြစ်ရမည်။ - အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။ 2️⃣ Computer Service Technician (ကျား/မ) – 2 ဦး လစာ: 500,000 မှ 800,000 ကျပ် (အတွေ့အကြုံအလိုက် ညှိနှိုင်းနိုင်သည်) တာဝန်များ:Desktop နှင့် Laptop များကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် Maintenance လုပ်ဆောင်ခြင်း။Windows နှင့် လိုအပ်သော Software များ Install လုပ်ပေးခြင်း။Hardware / Software Error များကို Troubleshooting လုပ်ဆောင်ခြင်း။Customer များအား နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း။ 📌 လိုအပ်ချက်များ: - အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်း။ - Computer Hardware/Software ပြုပြင်ထိန်းသိမ်းမှုကို နားလည်သူ။ - သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိသူ ဦးစားပေးမည်။Computer Service သင်တန်းဆင်းလက်မှတ်ရှိသူ ဦးစားပေးမည်။ - သင်ယူလိုစိတ်ရှိပြီး ပြဿနာများကို စနစ်တကျ ဖြေရှင်းနိုင်သူ ဖြစ်ရမည်။ 3️⃣ Printer Service Technician (ကျား/မ) – 2 ဦး လစာ: 450,000 မှ 700,000 ကျပ် (အရည်အချင်းနှင့် အတွေ့အကြုံအလိုက်) တာဝန်များ:Printer များ၏ Error နှင့် Fault များကို စစ်ဆေးပြုပြင်ခြင်း။Printer Maintenance, Cleaning နှင့် လိုအပ်သော အစိတ်အပိုင်းများ လဲလှယ်ခြင်း။Printer Driver နှင့် Computer ချိတ်ဆက်မှုဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးခြင်း။Customer များအား ကောင်းမွန်သော Service ပေးခြင်း။ 📌 လိုအပ်ချက်များ: - အသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်း။Printer Hardware နှင့် ပြုပြင်ထိန်းသိမ်းမှုကို စိတ်ဝင်စားသူ။သက်ဆိုင်ရာ အတွေ့အကြုံ (၂) နှစ်ရှိသူ ဦးစားပေးမည်။ 4️⃣ Junior Service Technician (Computer/Printer) (ကျား/မ) – 6 ဦး လစာ: 300,000 မှ 450,000 ကျပ် တာဝန်များ:Senior Technician များနှင့်အတူ Computer/Printer ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်း။ Hardware, Software နှင့် Printer အခြေခံပြဿနာများကို လေ့လာဖြေရှင်းခြင်း။လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာပြီး ပေးအပ်သောတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း။ 📌 လိုအပ်ချက်များ: - အသက် (၁၈) နှစ်မှ (၂၈) နှစ်အတွင်း။အနည်းဆုံး အထက်တန်းအဆင့်ရှိသူ (သို့မဟုတ်) သက်ဆိုင်ရာပညာရပ်ကို လေ့လာသင်ယူလိုသူ။ - Computer/Printer Service ကို စိတ်ဝင်စားသူ။အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။ကြိုးစားသင်ယူလိုစိတ်ရှိပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။ 🎁 ဝန်ထမ်းခံစားခွင့်များ (Employee Benefits) - အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံအလိုက် လစာညှိနှိုင်းပေးခြင်း။ - အစမ်းခန့်ကာလ (၃) လ ပြည့်ပြီးနောက် ကုမ္ပဏီ၏ သတ်မှတ်ချက်များနှင့်အညီ ဝန်ထမ်းခံစားခွင့်များ ရရှိခြင်း။ - နှစ်စဉ် Bonus ခံစားခွင့်။ - ရာထူးတိုးတက်ရေးနှင့် လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ။ - အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်ရင်း အတွေ့အကြုံသစ်များ ရရှိနိုင်ခြင်း။ - ကြိုးစားမှုနှင့် လုပ်ဆောင်ရည်အပေါ် မူတည်၍ ရေရှည်တိုးတက်နိုင်မည့် အခွင့်အလမ်းများ။ အထူးချက်: အစမ်းခန့်ကာလ (၃) လ ပြည့်ပြီးနောက် ကုမ္ပဏီ၏ လိုအပ်ချက်အရ ရန်ကုန်ဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။ 📍 လျှောက်ထားရန် အလုပ်တည်နေရာ: King Service Wisdom (MDY)၊ ၇၃ လမ်း၊ ၃၄ လမ်းထောင့်၊ မန္တလေးမြို့။ Viber: 09 766 906 647 စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အထက်ပါ Viber နံပါတ်သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ အလုပ်အကိုင်အခွင့်အလမ်းသစ်မှတစ်ဆင့် အနာဂတ်ကို အတူတည်ဆောက်ကြရအောင်!

If you are not redirected automatically, click here to view the job posting.