OJT Junior Merchandising Executive ကျား/မ ---> (၁ဝ) ဦး
UNiQUE
အလုပ်အကိုင်အမျိုးအစား (Job Type): Internship
အတွေ့အကြုံ (Experience):
အလုပ်လက်ခံမည့် (ကျား/မ) (Gender):
ကျား/မ
ပညာအရည်အချင်း (Qualification): တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
လျှောက်လွှာလက်ခံမည့်ရက် (Application Period):
2026-09-24 မှ 2026-09-30 အထိ
လစာ (Salary):
500000 - 600000 MMK
တည်နေရာ (Address):
ရန်ကုန်တိုင်းဒေသကြီး
အလုပ်အကိုင် အကျဉ်းချုပ် (Short Description)
အလုပ်သင်ကာလတွင် အခြေခံလစာ + ရက်မှန်ကြေး + အချိန်မှန်ကြေး + နေ့စဉ်ခရီးစရိတ် + နေ့စဉ်စားစရိတ် + နေ့စဉ်လုပ်အားခ + စွမ်းဆောင်ရည်ဆုကြေးငွေ နှင့် အချိန်ပိုလုပ်ခ ခံစားခွင့်ရှိသည်။ (စုစုပေါင်းလစာ ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကျော်ခံစားခွင့်ရှိမည်။)
အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)
#UNiQUEရဲ့ လုပ်ငန်းတိုးချဲ့မှုတွေနဲ့အတူ အခွင့်အလမ်းသစ်တွေကို လက်တွဲဖန်တီးလိုက်ပါ။
လုပ်ငန်းများ ပိုမိုတိုးချဲ့ လာသည်နှင့် အမျှ UNiQUE Merchandising Team ကို အင်အားဖြည့်တင်းရန် ဝန်ထမ်းများ ခေါ်ယူနေပါပြီ။ First Comment မှာ ပေးထားတဲ့ Viber Link မှတစ်ဆင့် (၃၀.၀၉.၂၀၂၆) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားလိုက်တော့နော်...
#OJT Junior Merchandising Executive ကျား/မ ---> (၁ဝ) ဦး
Salary >> အလုပ်သင်ကာလတွင် အခြေခံလစာ + ရက်မှန်ကြေး + အချိန်မှန်ကြေး + နေ့စဉ်ခရီးစရိတ် + နေ့စဉ်စားစရိတ် + နေ့စဉ်လုပ်အားခ + စွမ်းဆောင်ရည်ဆုကြေးငွေ နှင့် အချိန်ပိုလုပ်ခ ခံစားခွင့်ရှိသည်။ (စုစုပေါင်းလစာ ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကျော်ခံစားခွင့်ရှိမည်။)
Requirements >> တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။ ကုန်ပစ္စည်းအဝင်အထွက်များ စစ်ဆေးခြင်းအား အထူးစိတ်ပါဝင်စားသူ ဖြစ်ပြီး အသက် (၃၅) နှစ်အောက် ဖြစ်ရမည်။ လုပ်ငန်းအတွေ့အကြုံရှိရန်မလိုပါ။
Job Description >> ကုန်ပစ္စည်းအဝယ်ဌာနတွင် ကုန်ပစ္စည်းများကို အသေးစိတ် စစ်ဆေးလက်ခံခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်။ သင်ယူလိုစိတ်ရှိပြီး Teamworkဖြင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- အထက်ဖော်ပြပါ ရာထူးအတွက် လျှောက်ထားလိုသူများသည်
၁။ UNiQUE (ကမ္ဘာအေး)ဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၂။ စည်းကမ်းစနစ်ရှိစွာ အကျင့်စာရိတ္တကောင်းမွန်စွာဖြင့် နေထိုင်တတ်သူဖြစ်ရမည်။
၃။ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး အလုပ်ကို ဦးစားပေး၍ ရိုးသားကြိုးစားစွာ လုပ်ကိုင်လိုသူဖြစ်ရမည်။
၄။ လူအများနှင့် ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
၅။ အစမ်းခန့်ကာလ (၃) လ လုပ်ကိုင်ရမည်ဖြစ်ပြီး လုပ်ငန်းနှင့်ကိုက်ညီမှုရှိသည့် စွမ်းဆောင်ရည်ကောင်းမွန်သူများကိုသာ အမြဲတမ်းဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်မည်ဖြစ်သည်။
၆။ နေ့စဉ်ပုံမှန်ရုံးတက်ချိန်မှာ နံနက် (၉:၀၀) မှ ညနေ (၆:၃၀) နာရီဝန်းကျင်ဖြစ်သည်။ တစ်ရက်အလုပ်ချိန် (၈) နာရီ ထက်ပိုဆင်းရသည့် အလုပ်ချိန်များကို အချိန်ပိုအဖြစ် သတ်မှတ်ပေးပြီး ပုံမှန်လုပ်အားခ၏ နှစ်ဆ (၂၀၀%) နှုန်းထားဖြင့် တွက်ချက်ပေးမည်။
အများပြည်သူရုံးပိတ်ရက်များတွင် လုပ်ငန်းခွင်ဝင်ရပါက နှစ်ဆ (၂၀၀%) နှုန်း ဖြင့်တွက်ချက်ပေးမည်။ (သို့မဟုတ်) အစားထိုး နားရက် စီစဉ်ပေးမည်။
၇။ တစ်ပတ်လျှင် နားရက်တစ်ရက်ခံစားခွင့်ရရှိမည်။ အဆိုပါနားရက်မှအပ အခြားရက်များအားလုံး လုပ်ငန်းခွင်ဝင်ရပါမည်။
#လျှောက်ထားလိုသူများသည် ဓာတ်ပုံ (၁) ပုံ၊ ကိုယ်ရေးရာဇဝင်အပြည့်အစုံ (မိမိလျှောက်ထားလိုသောရာထူးနှင့် ဖုန်းနံပါတ် ထည့်ပေးရန်)၊ ပညာရေးအောင်လက်မှတ်မိတ္တူများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ နှင့် သန်းခေါင်စာရင်း မိတ္တူများဖြင့် ယူနစ် ရန်ကုန်ဆိုင်ခွဲများသို့လာရောက်လျှောက်ထားနိုင်သလို Comment မှ Viber Link ကို နှိပ်၍လည်း ပေးပို့လျှောက်ထား နိုင်ပါသည်။
#အသေးစိတ်အချက်အလက်များကို သိရှိလိုပါက HR Department Hotline 09 31 833 444 သို့ နံနက် (၉) နာရီခွဲ မှ ညနေ (၅) နာရီ အထိ တနင်္ဂနွေနေ့မှအပ စုံစမ်းမေးမြန်းနိုင်ပါသည်။
- လျှောက်ထားနိုင်တဲ့ ဆိုင်ခွဲလိပ်စာများကတော့ ...
UNiQUE (#Pansodan)
အမှတ် (၂၆၁)၊ ပန်းဆိုးတန်းလမ်း (အထက်ဘလောက်)၊ အနော်ရထာလမ်းနှင့်ဗိုလ်ချုပ်လမ်းမကြီးကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#Seikkanthar)
အမှတ် (၁၉၄)၊ ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊ မဟာဗန္ဓုလလမ်းနှင့်အနော်ရထာလမ်းမကြီးကြား၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#U_Chit_Maung)
အမှတ် (၁၇၁)၊ ဦးချစ်မောင်လမ်းမကြီး၊
ဦးချစ်မောင်အိမ်ရာအနီး၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#Hlaing)
အမှတ် (၃၁) အင်းစိန်လမ်းမကြီး၊
အင်းစိန်လမ်းမကြီးနှင့်ကန်လမ်း လမ်းဆုံထိပ် (ဘူတာရုံမှတ်တိုင်အရှေ့) (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#North_Okkalapa)
အမှတ် (၉၂၃)၊ သုဓမ္မာလမ်းမကြီး၊
သုဓမ္မာလမ်း နှင့် ဝေဘာဂီလမ်းမကြီး လမ်းဆုံအနီး၊
(ဈ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#Thingangyun)
အမှတ် (၃၃)၊ လေးထောင့်ကန်လမ်းမကြီး၊
AKK Shopping Mall မျက်စောင်းထိုး၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#Kabar_Aye)
အမှတ် (၄၁)၊ ကမ္ဘာအေးလမ်းမကြီး၊
ဟာမစ်တစ်ကားမှတ်တိုင်နှင့်နှင်းဆီကုန်းဘိုးဘွားရိပ်သာကြား၊
ရွှေတောင်ကြား (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#South_Dagon)
အမှတ်(၁၀၆၁)၊ မောင်းမကန် ကမ်းသာလမ်းနှင့် ဇေယျာမြိုင်လမ်းထောင့်၊
တံတားထိပ်မှတ်တိုင်၊ (၁၉) ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
UNiQUE (#North_Okkalapa_Ayar)
အမှတ် (၉၄၆)၊ သုဓမ္မာလမ်းမကြီး၊
ဧရာမှတ်တိုင်နှင့် ကန်သာယာမှတ်တိုင်ကြား၊
(ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
If you are not redirected automatically, click here to view the job posting.