School Administrator

Tr. Shally Hsu International Language School.

အလုပ်အကိုင်အမျိုးအစား (Job Type): Full-time

အတွေ့အကြုံ (Experience):

အလုပ်လက်ခံမည့် (ကျား/မ) (Gender): ကျား/မ

လျှောက်လွှာလက်ခံမည့်ရက် (Application Period): 2026-07-30 မှ 2026-12-31 အထိ

လစာ (Salary): Negotiable

တည်နေရာ (Address): သာကေတမြို့နယ်, ရန်ကုန်တိုင်းဒေသကြီး

အလုပ်အကိုင် အကျဉ်းချုပ် (Short Description)

သာကေတမြို့နယ်မှာ School Administrator position ဖြင့် ခေါ်ယူနေပါပြီ

အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)

🌟 School Administrator အမြန်ခန့်အပ်မည် 🌟 Tr. Shally Hsu International Language School ကလေးများနှင့် အလုပ်လုပ်ရတာကို နှစ်သက်ပြီး တာဝန်ယူမှုရှိသော၊ ရေရှည်လုပ်ကိုင်လိုသူများကို School Administrator ရာထူးအတွက် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ အဓိကအားဖြင့် Weekend Class (စနေ၊ တနင်္ဂနွေ) များကို ဖွင့်လှစ်သင်ကြားပေးသော ကျောင်းဖြစ်ပြီး စနစ်တကျ၊ တာဝန်ယူမှုရှိစွာ လုပ်ကိုင်နိုင်သူများကို ကြိုဆိုလျက်ရှိပါသည်။ 📌 လိုအပ်သောအရည်အချင်းများ ✅ အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (ဘွဲ့ရရှိထားသူများကို ဦးစားပေးမည်) ✅ Education Industry၊ Customer Service (သို့မဟုတ်) Admin ပိုင်းတွင် အတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူ (အတွေ့အကြုံမရှိသူများလည်း သင်ယူလိုစိတ်ရှိပါက လျှောက်ထားနိုင်ပါသည်) ✅ ကျောင်းကိစ္စကင်းရှင်းပြီး အလုပ်အပေါ် အပြည့်အဝ အာရုံစိုက်နိုင်သူ (အိမ်ထောင်မရှိသူ) ✅ အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း သွက်လက်ဖျက်လတ်၍ တာဝန်ယူမှုရှိသူ ✅ မိဘများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် လုပ်ဖော်ကိုင်ဖက်များကို စိတ်ရှည်စွာ၊ ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြောဆိုနိုင်သူ ✅ စာရွက်စာတမ်းများနှင့် ငွေကြေးစာရင်းများကို တိကျသေချာစွာ စီမံခန့်ခွဲနိုင်သူ ✅ Microsoft Word၊ Excel အခြေခံအသုံးပြုနိုင်ပြီး Social Media အသုံးပြုတတ်သူ ✅ ဖိအားများသော အခြေအနေများတွင် တည်ငြိမ်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်သူ ⸻ ⏰ အလုပ်ချိန် ပိတ်ရက် – တနင်္လာနေ့တိုင်း အင်္ဂါနေ့ – သောကြာနေ့ 🕘 9:00 AM – 5:00 PM (ရုံးလုပ်ငန်းအနည်းငယ်သာရှိပြီး အလုပ်ပေါ့ပါးသောရက်များဖြစ်သည်) စနေနေ့ – တနင်္ဂနွေနေ့ 🕣 8:30 AM – 5:00 PM (ဝါတွင်းကာလတွင် ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ ပိတ်ပါသည်။) ⸻ 🏫 ကျောင်းတည်နေရာ အမှတ် (၃၅)(ခ)၊ သုံးထပ်တိုက်၊ (၃) ရန်ပြေရပ်ကွက်၊ သုမနလမ်းမကြီး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။ 📍 ရန်ပြေ ရွှေကံကော်လက်ဖက်ရည်ဆိုင် မျက်စောင်းထိုး၊ ဝက်စုမှတ်တိုင်အနီး။ ⸻ 💰 လစာနှင့် ခံစားခွင့်များ 🔹 ပထမလ (Training & Probation) * အခြေခံလစာ ၃၅၀,၀၀၀ ကျပ် 🔹 ဒုတိယလမှစတင်၍ * လုပ်ဆောင်နိုင်စွမ်းနှင့် အရည်အချင်းအပေါ် မူတည်ပြီး ၅၀၀,၀၀၀ ကျပ်မှ စတင်ခံစားရရှိမည်။ ပထမလအတွင်း လုပ်ငန်းနှင့် အဆင်မပြေပါက ဒုတိယလတွင် ဆက်လက်ခန့်အပ်မည် မဟုတ်ပါ။ 🔹 အလုပ်အဆင်ပြေပြီး ဆက်လက်လုပ်ကိုင်ပါက အနည်းဆုံး (၁) နှစ် စာချုပ် ချုပ်ဆိုရမည်။ စာချုပ်သက်တမ်းမပြည့်မီ မိမိသဘောဖြင့် အလုပ်မှနှုတ်ထွက်ပါက စာချုပ်ပါ သဘောတူညီချက်အရ နစ်နာကြေးအဖြစ် (၂) လစာ ပေးလျော်ရမည်။ ⸻ 📩 လျှောက်ထားရန် ရာထူးနှင့်သက်ဆိုင်သော လုပ်ငန်းတာဝန်အသေးစိတ်ကို သိရှိလိုပါက သို့မဟုတ် လျှောက်ထားလိုပါက CV Form ကို 📱 09-979092236 /09698953632 (Viber) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ✨ စိတ်အားထက်သန်မှု၊ တာဝန်ယူမှုနှင့် ရေရှည်လက်တွဲလုပ်ကိုင်လိုစိတ်ရှိသူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။ :::**

If you are not redirected automatically, click here to view the job posting.