Receptionist
STEM Channel Myanmar
အလုပ်အကိုင်အမျိုးအစား (Job Type): Full-time
အတွေ့အကြုံ (Experience):
အလုပ်လက်ခံမည့် (ကျား/မ) (Gender):
ကျား/မ
လျှောက်လွှာလက်ခံမည့်ရက် (Application Period):
2026-07-30 မှ 2026-12-31 အထိ
လစာ (Salary):
Negotiable
တည်နေရာ (Address):
သန်လျင်မြို့နယ်, ရန်ကုန်တိုင်းဒေသကြီး
အလုပ်အကိုင် အကျဉ်းချုပ် (Short Description)
သန်လျင်မြို့နယ်မှာ Receptionist position ဖြင့် ခေါ်ယူနေပါပြီ
အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)
📢 အလုပ်အကိုင်အခွင့်အရေး – Receptionist Position (Medical Action Myanmar)
ကျန်းမာရေးကဏ္ဍမှာ လူနာများကို ကူညီပေးရင်း အဖွဲ့အစည်းတစ်ခုနဲ့အတူ အတွေ့အကြုံရယူလိုတဲ့သူများအတွက် အခွင့်အရေးကောင်းတစ်ခုရှိပါတယ်။ 💙
Medical Action Myanmar (MAM) မှ Receptionist ရာထူးအတွက်ခေါ်ယူနေပါတယ်။
MAM သည် မြန်မာနိုင်ငံရှိ HIV, Malaria, Tuberculosis ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုများအပြင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပံ့ပိုးပေးနေသော ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
📌 ရာထူး – Receptionist
📍 အလုပ်နေရာ – သန်လျင်မြို့နယ်၊ ရန်ကုန်
📅 လျှောက်ထားရန် နောက်ဆုံးရက် – ၂၀၂၆၊ သြဂုတ်လ (၉)ရက်
🚀 အလုပ်စတင်မည့်အချိန် – အမြန်ဆုံး
🔹 အဓိကတာဝန်များ
• လူနာများအား ချိန်းဆိုမှု၊ စာရင်းသွင်းမှုနှင့် လိုအပ်သော ဝန်ဆောင်မှုများပေးခြင်း
• လူနာဖိုင်များ ရှာဖွေစီစဉ်ပေးခြင်းနှင့် ဆရာဝန်တွေ့ဆုံမှုအတွက် ပြင်ဆင်ပေးခြင်း
• Computer ဖြင့် data entry နှင့် follow-up information များ ဖြည့်သွင်းခြင်း
• Patient records နှင့် monthly reports များတွင် ကူညီခြင်း
• လူနာများနှင့် အဖွဲ့ဝင်များအကြား ကောင်းမွန်သော ဆက်သွယ်ရေးထားရှိခြင်း
🔹 လိုအပ်သော အရည်အချင်းများ
✅ ဘွဲ့ရ (သို့) အထက်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်
✅ ဆေးရုံ၊ ဆေးခန်း Receptionist အဖြစ် အနည်းဆုံး (၁) နှစ်အတွေ့အကြုံရှိသူ
✅ Microsoft Office အသုံးပြုနိုင်သူ
✅ မြန်မာဘာသာစကား ကျွမ်းကျင်သူ
✅ လူနာများကို စိတ်ရှည်စွာ ကူညီပေးလိုသော စိတ်ဓာတ်ရှိသူ
✅ Communication Skill ကောင်းမွန်ပြီး အဖွဲ့လိုက်လုပ်ကိုင်နိုင်သူ
🎁 MAM မှ ပေးအပ်မည့် Benefits များ
✨ လစာ – အတွေ့အကြုံပေါ်မူတည်၍ USD 139 မှ စတင်
✨ 13th Month Bonus
✨ နှစ်စဉ်ခွင့် 20 ရက်
✨ Medical Benefits
✨ Gratuity Pay
✨ Yangon Bus Fare Allowance
📌 လျှောက်ထားရန်
CV/Resume ကို ကော်မန့်မှာဖော်ပြထားတဲ့ Application Form ကနေတစ်ဆင့် တင်နိုင်ပါတယ်။
📍 Certificate/Diploma မိတ္တူများကို လျှောက်ထားချိန်တွင် မလိုအပ်ပါ။ လိုအပ်ပါက နောက်ပိုင်းတွင် တောင်းခံသွားမှာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍမှာ အတွေ့အကြုံတိုးချင်သူများအတွက် ဒီအခွင့်အရေးကို မလွတ်သင့်ပါဘူး။ မိတ်ဆွေများ၊ အလုပ်ရှာဖွေနေသူများနှင့်လည်း မျှဝေပေးနိုင်ပါတယ်။ 💙
If you are not redirected automatically, click here to view the job posting.