အငယ်တန်းလက်ထောက်
CB Bank
အလုပ်အကိုင်အမျိုးအစား (Job Type): Full-time
အတွေ့အကြုံ (Experience):
အလုပ်လက်ခံမည့် (ကျား/မ) (Gender):
ကျား/မ
လျှောက်လွှာလက်ခံမည့်ရက် (Application Period):
2026-07-24 မှ 2026-12-31 အထိ
လစာ (Salary):
Negotiable
တည်နေရာ (Address):
မော်လမြိုင်မြို့နယ်, မွန်ပြည်နယ်
အလုပ်အကိုင် အကျဉ်းချုပ် (Short Description)
မော်လမြိုင်မြို့တွင် အငယ်တန်းလက်ထောက် position ဖြင့် ခေါ်ယူနေပါပြီ
အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)
CB Bank က မြန်မာနိုင်ငံတစ်ဝန်းမှာ နေထိုင်ကြသူများ၊ ဘဏ်ဝန်ဆောင်မှု နယ်ပယ်မှာ လုပ်ကိုင်လိုသူများ၊ ဘဏ်လုပ်ငန်းအတွေ့အကြုံ ရယူလိုသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက် ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ မော်လမြိုင်မြို့က CB Bank ဘဏ်ခွဲတွေမှာ ခေါ်ယူနေတဲ့ ရာထူးနေရာများကို စုစည်းဖော်ပြလိုက်ပါတယ်။
🤝 အငယ်တန်းလက်ထောက်
🔹 အသိအမှတ်ပြုကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါတယ်။
🔹 ကွန်ပျူတာ အသုံးပြုနိုင်ရပါမယ်။
🔹 အမျိုးသားများအနေနဲ့ အရပ်အမြင့် အနည်းဆုံး (၅-ပေ၊ ၃-လက်မ)၊ အမျိုးသမီးများအနေနဲ့ အနည်းဆုံး (၅-ပေ၊ ၂-လက်မ) ရှိရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။
🤝 ငွေကြေးဝန်ထမ်း
🔹 တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသိအမှတ်ပြုကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဒုတိယနှစ် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါတယ်။
🔹 အမျိုးသားများအနေနဲ့ အရပ်အမြင့် အနည်းဆုံး (၅-ပေ၊ ၃-လက်မ)၊ အမျိုးသမီးများအနေနဲ့ အနည်းဆုံး (၅-ပေ၊ ၂-လက်မ) ရှိရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။
🤝 ရုံးအကူ (အမျိုးသား)
🔹 အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်သူ ဖြစ်ရပါမယ်။
🔹 အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။
အထက်ဖော်ပြပါအချက်အလက်များနှင့် ကိုက်ညီပါက ကိုယ်ရေးရာဇဝင်အကျဉ်း (CV) တွင် လျှောက်ထားလိုသည့် ရာထူးကို ထည့်သွင်းရေးသားဖော်ပြပြီး
🌟 လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
🌟 ပညာအရည်အချင်း ထောက်ခံစာမိတ္တူ၊
🌟 သက်ဆိုင်ရာ ထောက်ခံစာများ၊
🌟 အလုပ်သမားမှတ်ပုံတင် (လေဘာ) မိတ္တူ၊
🌟 မှတ်ပုံတင်မိတ္တူ၊
🌟 အိမ်ထောင်စုဇယားမိတ္တူ တို့ကို ပြည့်စုံစွာ ပူးတွဲပြီး talent@cbbank.com.mm ကို အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။
Viber ကနေ လျှောက်ထားလိုပါက Viber နံပါတ် (+959 880 925 621) ကနေလဲ လျှောက်ထားနိုင်ပါတယ်။
လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက
CB Bank (မော်လမြိုင်) ဘဏ်ခွဲ
🏦 အမှတ် (၁၅၁)၊ ကမ်းနားလမ်း၊ ဖက်တန်းရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
☎️ ၀၁၂၃၁၇၉၉၃
🤝 Join us! Grow with us! Let's win-win together! 🤝
If you are not redirected automatically, click here to view the job posting.