Finance Officer
CBC Myanmar Microfinance Company Ltd
အလုပ်အကိုင်အမျိုးအစား (Job Type): Full-time
အတွေ့အကြုံ (Experience):
အလုပ်လက်ခံမည့် (ကျား/မ) (Gender):
ကျား/မ
လျှောက်လွှာလက်ခံမည့်ရက် (Application Period):
2026-07-22 မှ 2026-12-31 အထိ
လစာ (Salary):
Negotiable
တည်နေရာ (Address):
နေပြည်တော်ပြည်တောင်စုနယ်မြေ
အလုပ်အကိုင် အကျဉ်းချုပ် (Short Description)
နေပြည်တော်တွင် Finance Officer position ဖြင့် ခေါ်ယူနေပါပြီ
အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)
CBC Myanmar Microfinance Company Ltd
Vacancy Announcement
CBC Myanmar Microfinance Co., Ltd သည် CBC (Ceylon စီးပွားရေးဘဏ်) မှပိုင်ဆိုင်ပြီး CBC သည် သီရိလင်္ကာနိုင်ငံ၏ တစ်ခုတည်းသော ကမ္ဘာ့အကောင်းဆုံးဘဏ် (၁၀၀၀) စာရင်းတွင် (၉) နှစ်ဆက်တိုက် ပါဝင်ခဲ့သည့်ဘဏ် ဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံအတွင်းမှာပင် ဆယ်စုနှစ်တစ်ခုအကြာ ပြိုင်ဘက်မရှိသည့် အောင်မြင်မှုကို ရရှိထားပြီး ပြည်တွင်း ဘဏ်ခွဲပေါင်းများစွာ နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိထားသော ဘဏ်လည်း ဖြစ်ပါသည်။
အသေးစားငွေရေးကြေးရေးလုပ်ငန်းဖြစ်သည့် CBC Myanmar Microfinance Co., Ltd နှင့် ပူးပေါင်း လုပ်ကိုင်ရန် အရည်အချင်းပြည့်ဝ၍ စိတ်အားထက်သန်သော ဝန်ထမ်းများ ခေါ်ယူလျှက်ရှိပါသည်။
တာဝန်ထမ်းဆောင်ရမည့်နေရာ - ရုံးချုပ် (နေပြည်တော်)
Finance Officer
တာဝန်များ
အသေးစား ငွေရေးကြေးရေးလုပ်ငန်းနှင့် သက်ဆိုင်သော စာရင်းများ၊ ဘဏ်နှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် report များတွင် တိကျသေချာစွာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရမည်။
ရုံးခွဲများနှင့် ဆက်သွယ်ချိတ်ဆက်၍ ငွေကြေးစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရမည်။
နေ့စဉ် ကုမ္ပဏီ၏ ဝင်ငွေ / ထွက်ငွေစာရင်းများအား system ထဲသို့ ထည့်သွင်းဆောင်ရွက်နိုင်ရမည်။
ရုံးခွဲ နှင့် ရုံးခွဲများနှင့် ပတ်သက်သည့် ဘဏ္ဍာရေးစာရင်းများအား စနစ်တကျ ထိန်းသိမ်းနိုင်ရမည်။
စာရင်းကိုင်လုပ်ငန်းနှင့်ပတ်သက်၍ ငွေကြေးစီမံခန့်ခွဲမှုများကို တိကျသေချာစွာ ဆောင်ရွက်နိုင်ရမည်။
ဘဏ္ဍာရေးဆိုင်ရာ လိုအပ်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးရမည်။
လိုအပ်သည့် အရည်အချင်းများ
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး LCCI (Level I, II, III) တက်ရောက်ထားရှိပြီးသူ ဖြစ်ရမည်။
Microsoft Office Applications ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
မြန်မာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ပြီး အင်္ဂလိပ်စကား အသင့်အတင့် ပြောဆိုနိုင်ရမည်။
စာရိတ္တကောင်းမွန်၍ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရမည်။
တရားဝင် ယာဉ်မောင်းလိုင်စင်ရှိသူ ဖြစ်ရမည်။
သင့်အရည်အချင်း၊ အတွေ့အကြုံများနှင့် ကိုက်ညီသော လစာအပြင် အခြားအခွင့်အလမ်းများက သင့်ကို စောင့်ကြိုနေပါသည်။
သင့်၏ ENG CV ၊ ဆက်သွယ်ရန်အချက်အလက်များနှင့် မျှော်မှန်းလစာကို info@cbcmy.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
No. 15, Office Street, Ward (4), Lewe Township, Nay Pyi Taw
Tel; (95) 67 80 30 566 | Web: www.cbcmy.com
If you are not redirected automatically, click here to view the job posting.