Customer Engagement Coordinator

flydubai

အလုပ်အကိုင်အမျိုးအစား (Job Type): Full-time

အတွေ့အကြုံ (Experience):

အလုပ်လက်ခံမည့် (ကျား/မ) (Gender): ကျား/မ

လျှောက်လွှာလက်ခံမည့်ရက် (Application Period): 2026-07-13 မှ 2026-12-31 အထိ

လစာ (Salary): Negotiable

တည်နေရာ (Address): ရန်ကုန်တိုင်းဒေသကြီး

အလုပ်အကိုင် အကျဉ်းချုပ် (Short Description)

ဒူဘိုင်းအစိုးရပိုင် လေကြောင်းလိုင်း “flydubai" မှာ Customer Engagement Coordinator (ရုံးပိုင်း/Digital ပိုင်းရာထူး) ခေါ်ယူနေပါတယ် ✈️📱✨

အလုပ်အကိုင် အသေးစိတ်အချက်များ (Job Description)

ဒူဘိုင်းအစိုးရပိုင် လေကြောင်းလိုင်း “flydubai" မှာ Customer Engagement Coordinator (ရုံးပိုင်း/Digital ပိုင်းရာထူး) ခေါ်ယူနေပါတယ် ✈️📱✨ ဒူဘိုင်းမြေပေါ်မှာ သာမန်ဟိုတယ်၊ စားသောက်ဆိုင်တွေထက် ပိုပြီး အဆင့်အတန်းမြင့်မားတဲ့၊ လေကြောင်းလိုင်းဝန်ထမ်း ခံစားခွင့်တွေအပြည့်နဲ့ ရုံးချုပ်မှာ အလုပ်ထိုင်လုပ်ခွင့်ရမယ့် (Corporate Job) တစ်ခု ပေါ်လာလို့သတင်းကောင်းပါးလိုက်ပါတယ်ဗျာ။ အခု ဒူဘိုင်းအခြေစိုက် ကမ္ဘာကျော် လေကြောင်းလိုင်းကြီးဖြစ်တဲ့ "flydubai” ကနေပြီးတော့ သူတို့ရဲ့ ရုံးချုပ် မှာ Digital Channels တွေကို တာဝန်ယူဖို့အတွက် Customer Engagement Coordinator ရာထူးအတွက် ဝန်ထမ်း ခေါ်ယူနေပါပြီ။ အလုပ်မလျှောက်ခင် ဒီရာထူးက ဘာတွေလုပ်ရလဲ၊ ဘာတွေလိုအပ်လဲဆိုတာ စာဖတ်သူတွေ ချက်ချင်း အကွက်ကျကျ ပြင်ဆင်နိုင်အောင် အသေးစိတ် ရှင်းပြပေးပါရစေဦး။ 💡 flydubai မှာ လုပ်ရင် ဘာတွေ ထူးခြားလဲ? ဘာ Benefits တွေရမလဲ။ flydubai ဆိုတာ လက်ရှိ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၅၀ ကျော်၊ Destination ပေါင်း ၁၂၀ ကျော်ကို ပျံသန်းပြေးဆွဲနေတဲ့ ဒူဘိုင်းအစိုးရပိုင် အထင်ကရ လေကြောင်းလိုင်းကြီး ဖြစ်ပါတယ်ဗျာ။ မက်မောစရာ လေကြောင်းလိုင်း ခံစားခွင့်များ: ဝင်လုပ်ခွင့်ရရင်... အခြေခံလစာ၊ ကျန်းမာရေးအာမခံ၊ သယ်ယူပို့ဆောင်ရေး အကျိုးခံစားခွင့်တွေအပြင်... အားလုံးအနှစ်သက်ဆုံးဖြစ်တဲ့ "Staff Travel Tickets" (ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် flydubai နှင့် Emirates အပါအဝင် ကမ္ဘာ့လေကြောင်းလိုင်းအစုံကို လေယာဉ်လက်မှတ် အလွန်သက်သာသော စျေးနှုန်း သို့မဟုတ် အခမဲ့နီးပါးဖြင့် စီးနင်းခွင့်)" အခွင့်အရေးကြီးကို ရရှိမှာ ဖြစ်ပါတယ်ဗျာ။ ရုံးခန်းအထိုင် Digital ခေတ်မီအလုပ်: အခုရာထူးက လေယာဉ်ပေါ်တက်ရတဲ့ Crew မဟုတ်ဘဲ၊ ရုံးချုပ်ကနေ အင်တာနက်၊ Social Media တွေအသုံးပြုပြီး စနစ်တကျ တာဝန်ထမ်းဆောင်ရမယ့် ရုံးပိုင်းအလုပ် (Corporate Job) ဖြစ်လို့ Lifestyle အရမ်းမိုက်ပါတယ်။ ပွဲစားခ လုံးဝမလိုခြင်း: ကျွန်တော် အမြဲတစေ သတိပေးသလိုပဲ... ဒီလို အစိုးရပိုင် လေကြောင်းလိုင်းကြီးတွေဟာ ကြားလူပွဲစား လုံးဝ (လုံးဝ) မသုံးပါဘူး။ သူတို့ရဲ့ တရားဝင် Career Website ကနေတစ်ဆင့် အခမဲ့ (Free) တိုက်ရိုက် လျှောက်ထားရမှာ ဖြစ်ပါတယ်။ 📌 ရာထူး၏ အဓိက တာဝန်များနှင့် လုပ်ငန်းခွင် (Key Responsibilities) ဒီရာထူးက flydubai ရဲ့ Digital & Social Media Customer Communication ပိုင်းကို အဓိက ကိုင်တွယ်ရမှာ ဖြစ်ပါတယ်ဗျာ။ flydubai ရဲ့ Digital စာမျက်နှာတွေ၊ Social Media Channels ပေါင်းစုံကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းက ခရီးသည်တွေရဲ့ မေးမြန်းချက်တွေ၊ တိုင်ကြားချက်တွေကို Real-time (ချက်ချင်းလက်ငင်း) ဝင်ရောက်ဖြေရှင်း၊ လမ်းညွှန်ပေးရခြင်း။ ကုမ္ပဏီရဲ့ Brand Values စံနှုန်းတွေနဲ့အညီ ယဉ်ကျေးပျူငှာပြီး တိကျပြတ်သားတဲ့ စာသားတွေနဲ့ ခရီးသည်တွေကို Digital နယ်ပယ်ထဲမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးရခြင်း။ ပုံမှန်အချိန်တွေမှာကော... ရာသီဥတုကြောင့် လေယာဉ်ခရီးစဉ်တွေ နောက်ကျတာ၊ ဖျက်သိမ်းတာ (Disruptions/Regular updates) အရေးပေါ်အခြေအနေမျိုးတွေ ကြုံလာရတဲ့အခါ ခရီးသည်တွေ စိုးရိမ်စိတ်ကင်းအောင် Digital ကနေ အချိန်နဲ့တပြေးညီ သတင်းပြန်ကြားပေးရခြင်း။ Customer တွေရဲ့ အချက်အလက်တွေ၊ Engagement Record တွေကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းရခြင်း။ 📌 လျှောက်ထားရန် သတ်မှတ်ချက်များနှင့် အရည်အချင်း (Qualifications) အခုခေါ်တဲ့ ရာထူးက လုပ်သက်အများကြီးမလိုဘဲ အသစ်တွေပါ အခွင့်အရေးရနိုင်တဲ့ သတ်မှတ်ချက်မို့လို့ အရမ်းတန်ပါတယ်ဗျာ။ ပညာအရည်အချင်း: ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရပါမယ် (Bachelor's Degree)။ လုပ်သက်အတွေ့အကြုံ: ဘွဲ့ရရှိထားပါက: ခရီးသွားလုပ်ငန်း (Travel Industry)၊ Customer Service သို့မဟုတ် Social Media / Digital Space ပိုင်းတွင် လုပ်သက် (၀) ကနေ (၂) နှစ်အထိသာ လိုအပ်ပါတယ်။ (လုပ်သက်မရှိသေးတဲ့ ဘွဲ့ရအသစ်တွေပါ လျှောက်လို့ရပါတယ်) ဘွဲ့မရှိပါက: အထက်ပါလုပ်ငန်းခွင်များတွင် လုပ်သက် (၂) နှစ်မှ (၄) နှစ်အထိ ရှိရပါမယ်။ ဘာသာစကား: အင်္ဂလိပ်စကားကို Professional ဆန်ဆန် ပြောဆို ရေးသား ဆက်သွယ်နိုင်သူ (Fluent in English) ဖြစ်ရပါမယ်။ လိုအပ်သော စရိုက်လက္ခဏာ (Competencies): Customer ကို ဦးစားပေးတတ်သူ၊ အဖွဲ့အစည်းနဲ့ လက်တွဲလုပ်ကိုင်နိုင်သူ၊ တာဝန်ယူမှုရှိပြီး စိန်ခေါ်မှုတွေ၊ ဖိအားတွေကို ကြံ့ကြံ့ခံနိုင်စွမ်းရှိသူ (Resilience & Flexibility with Can-do attitude) ဖြစ်ရပါမယ်။ မိမိရဲ့ အရည်အချင်း၊ Professional ကျတဲ့ English Skill တစ်ခုတည်းနဲ့တင် flydubai ရဲ့ ရုံးချုပ်မှာ ဝန်ထမ်းတစ်ယောက်အဖြစ် ဘဝကို အမြင့်ဆုံး Level Up လိုက်ကြရအောင်ဗျာ။ flydubai ရဲ့ တရားဝင် Careers Link comment မှာ ချပေးထားပါတယ်။ အားလုံးပဲ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိကြပါစေဗျာ! ✈️🌍🤝

If you are not redirected automatically, click here to view the job posting.